Wednesday, July 8, 2015

NFC ဆိုတာ......................................

အခု နည်းပညာ သတင်းတွေ မှာ NFC ဆိုတဲ့ စကားလုံးကို တော်တော်လေး တွေ့လာပါပြီ။  iPhone 5 မှာ NFC ပါမယ် စသဖြင့် ကောလဟာလ တွေလည်း ထွက်ပေါ် ခဲ့ပါတယ်။  ဒီတော့ NFC ဆိုတာ ဘာလည်း ဆိုတဲ့ အချက် က ဝင်လာ ပါတယ်။  NFC ဆိုတာ Near Field Communication ကို ဆိုလိုတာပါ။အဓိက ကတော့ device ၂ ခု အချင်းချင်း ဆက်သွယ်တဲ့ နည်း ပညာလို့ လွယ်လွယ် ပြောလို့  ရပါတယ်။  ဒါပေမဲ့ သူက တခြား နည်းပညာ တွေထက် ထူးခြားပြီး data သာမက လိုအပ်တဲ့ ပါဝါကိုပါ share လုပ်ပေးနိုင်ပါတယ်။  ဟုတ်ပါတယ်။  ဥပမာ device A မှာ ဘက်ထရီ မပါပေမဲ့ device B နဲ့ NFC နည်းပညာ အရချိတ်ဆက်ထားရင် device B ရဲ့ ဘက်ထရီကို
device A က ယူသုံးလို့ ရနေမှာပါ။  electromagnetic induction ကြောင့် device တွေရဲ့ အင်တင်နာ ကနေ တဆင့် အချင်းချင်း ချိတ်ဆက်ပြီး electronic magnetic field ဖြစ်ပေါ်ပြီး data တွေကို exchange လုပ်ပေး နိုင် ပါတယ်။  အဲဒါကို Active Communication Mode လို့သိကြပါတယ်။ဒီတော့ Bluetooth က ပျောက်သွား တော့မှာလား ၊ Bluetooth နဲ့ ဘယ်လို ကွာသလဲ ဆိုတဲ့ အချက် ရှိလာ ပြန်ပါ တယ်။  နှစ်မျိုးလုံးတော့ wireless နည်းပညာ အရ communication လုပ်ကြတာချည်းပါ။  ကွာခြားချက် အနေတော့ Bluetooth က device အချင်းချင်း ချိတ်ဆက်ဖို့ (pair လုပ်ဖို့) အဆင့် တစ်ချို့ကို ကျော်ဖြတ်ရပြီး pair လုပ်ရတာ လည်း အဆင် မသင့်ရင် လုပ်ဆောင်လို့ မရ နိုင်ပဲ အချိန် တော်တော် ယူ တတ်ပါတယ်။  NFC ကတော့ တစ်စက္ကန့် ရဲ့ ၁၀ ပုံ ၁ ပုံ အတွင်းမှာ ချိတ်ဆက် နိုင်ပါတယ်။  တဖက်မှာလည်း Bluetooth က ၁၀ မီတာ လောက် အတွင်းမှာ အလုပ် လုပ် နိုင်ပေမဲ့ NFC ကတော့ ၈ လက်မ ဝန်းကျင်မှာ ပဲ အလုပ်လုပ် ပါတယ်။  ဒါ့အပြင် Bluetooth က 2.1 mega bits per second စီးနိုင်တဲ့ အချိန်မှာ NFC က 424 kilo bits per second ပဲ စီးနိုင်ပါတယ်။  ဒါပေမဲ့ ပါဝါ စားသုံးမှုမှာတော့ Bluetooth က ပါဝါ အများအပြား သုံးစွဲပြီး NFC ကတော့ ပါဝါ အနည်းငယ် ပဲ သုံးစွဲတဲ့ အပြင် အချင်း ချင်းလဲ ပါဝါ ပေးနိုင်ပါသေးတယ်။ device A က ယူသုံးလို့ ရနေမှာပါ။  electromagnetic induction ကြောင့် device တွေရဲ့ အင်တင်နာ ကနေ တဆင့် အချင်းချင်း ချိတ်ဆက်ပြီး electronic magnetic field ဖြစ်ပေါ်ပြီး data တွေကို exchange လုပ်ပေး နိုင် ပါတယ်။  အဲဒါကို Active Communication Mode လို့သိကြပါတယ်။ဒီတော့ Bluetooth က ပျောက်သွား တော့မှာလား ၊ Bluetooth နဲ့ ဘယ်လို ကွာသလဲ ဆိုတဲ့ အချက် ရှိလာ ပြန်ပါ တယ်။  နှစ်မျိုးလုံးတော့ wireless နည်းပညာ အရ communication လုပ်ကြတာချည်းပါ။  ကွာခြားချက် အနေတော့ Bluetooth က device အချင်းချင်း ချိတ်ဆက်ဖို့ (pair လုပ်ဖို့) အဆင့် တစ်ချို့ကို ကျော်ဖြတ်ရပြီး pair လုပ်ရတာ လည်း အဆင် မသင့်ရင် လုပ်ဆောင်လို့ မရ နိုင်ပဲ အချိန် တော်တော် ယူ တတ်ပါတယ်။  NFC ကတော့ တစ်စက္ကန့် ရဲ့ ၁၀ ပုံ ၁ ပုံ အတွင်းမှာ ချိတ်ဆက် နိုင်ပါတယ်။  တဖက်မှာလည်း Bluetooth က ၁၀ မီတာ လောက် အတွင်းမှာ အလုပ် လုပ် နိုင်ပေမဲ့ NFC ကတော့ ၈ လက်မ ဝန်းကျင်မှာ ပဲ အလုပ်လုပ် ပါတယ်။  ဒါ့အပြင် Bluetooth က 2.1 mega bits per second စီးနိုင်တဲ့ အချိန်မှာ NFC က 424 kilo bits per second ပဲ စီးနိုင်ပါတယ်။  ဒါပေမဲ့ ပါဝါ စားသုံးမှုမှာတော့ Bluetooth က ပါဝါ အများအပြား သုံးစွဲပြီး NFC ကတော့ ပါဝါ အနည်းငယ် ပဲ သုံးစွဲတဲ့ အပြင် အချင်း ချင်းလဲ ပါဝါ ပေးနိုင်ပါသေးတယ်။ဒီတော့ NFC ကို ဘယ်လို အသုံးပြု မှာလည်း ဆိုတာ လည်း အကြောင်း တစ်ခု ဖြစ်လာ ပြန်ပါတယ်။  NFC သာ တွင်တွင် ကျယ်ကျယ် ဖြစ်လာရင် လူနေမှု အသိုင်း အဝိုင်းမှာ အားလုံး ဒီဂျစ်တယ် ဖြစ်သွားဖို့ ရှိပါတယ်။  NFC က အကွာ အဝေး အနီး မှာ data transfer အပြင် electronic connection ပါလုပ် နိုင်တာ ကြောင့် အိတ်ဆောင် မိုဘိုင်းဖုန်း တစ်လုံး ဟာ ကိုယ့် အတွက် အသုံး အဝင်ဆုံး အရာ တစ်ခု ဖြစ်လာမှာပါ။  ဥပမာ credit card တွေကို ဖုန်းထဲ ထည့်သွင်း ထားပြီး ငွေပေးချေတဲ့ အချိန်မှာ NFC reader နား ထားလိုက်ယုံနဲ့ ငွေပေးချေပြီးသား ဖြစ်မဲ့ ကိစ္စ တွေ၊ ရုံး လုပ်ငန်း တွေ နဲ့ အရေးကြီး နေရာတွေမှာ လိုအပ်တဲ့ security pass တွေကို ဖုန်းထဲမှာ ထည့်သွင်းပြီး အသုံးပြု နိုင်မဲ့ ကိစ္စတွေ၊ လေယဉ် လက်မှတ်ကို ဖုန်းနဲ့ ပဲ ဝယ်ယူပြီး ဖုန်းထဲမှာ ပဲ ထည့်သွင်း ပေး ထားကာ လေဆိပ် ရောက်မှ ဖုန်းကို reader နဲ့ စစ်ပြီး လေယဉ် စီးနိုင်ခွင့် စတာတွေ ကို လုပ်ဆောင် လာနိုင်မှာ ဖြစ်ပါတယ်။ဒီတော့ NFC က နောက် ဘယ်ဖုန်းတွေမှာ ပါဝင်လာမှာလည်း ဆိုတဲ့ ကိစ္စ ကလည်း စိတ်ဝင်စား စရာပါ။  iPhone 5 မှာ ပါမယ် ဆိုတဲ့ သတင်းတွေ ထွက်နေပေမဲ့ အတိ အကျကို တော့ Apple က ပဲ သိနိုင်မှာပါ။  Google Android သုံး တချို့ ဖုန်းတွေမှာတော့ ပါဝင် နေပြီလို့ သိရပါတယ်။  Blackberry ကလည်း အမြန်ဆုံး NFC ပါဝင်တဲ့ ဖုန်းတွေကို ထုတ်လုပ် သွားဖို့ ရှိပါတယ်။  Bluetooth နဲ့ ဘယ်ဟာ ပိုကောင်း သလဲ ဆိုတာကတော့ နှိုင်းယဉ် စရာ ကိစ္စ တစ်ခု မဟုတ်ပါဘူး။  ၂ ခုလုံးရဲ့ ကောင်းကွက်တွေကို သိရှိပြီး လိုအပ် တဲ့ အချိန်မှာ လိုအပ် သလို အသုံးပြု နိုင်ဖို့ပဲ လိုတယ် လို့ ထင်မြင်မိပါတယ်။source: tu-lay 

1 comment:

  1. Ceramic vs Titanium | Tioga Technology
    Ceramic titanium price per ounce vs titanium septum jewelry Titanium. Ceramic – Description: Ceramic, titanium dab tool Titanium-Arched. The size of a ceramic block allows the construction of a ford focus titanium hatchback metal sculpture price of titanium

    ReplyDelete