Thursday, July 9, 2015
Huawei G620s-UL00 B248 ကို Root လုပ်မယ်
Huawei G620s-UL00 B248 ကို Root လုပ်ခြင်း
Huawei
Author: Ko Htoo July 9, 2015
Android Root Tool, Android Tutorials
Huawei G620s-UL00 ရဲ့ Buildnumber 248 ကို Root ချင်လို့မေးထားတဲ့အကိုနဲ့အတူ
လိုအပ်သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
အရင်ဆုံးလိုအပ်တာလေးကတော့ ဒါလေးပါ။
ကွန်ပျူတာထဲက DISK DRIVE များကို ဖျောက်ခြင်း နှင့် သုံးစွဲခွင့် ပိတ်ပင်ခြင်း (HIDING AND RESTRICT THE OPTICAL AND HARD DISK DRIVE PARTITION)
ကိုယ့် ကွန်ပျူတာကို သူငယ်ချင်းက ကွန်ပျူတာလာငှားတဲ့ အခါ၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကို မဖြစ်မနေ ပေးသုံးရမယ့် အခါ Data တွေကို ဖွက်ထားဖို့ လိုအပ်လာ တတ်ပါတယ်။ ဒေတာဖိုဒါ (Data Folder) တွေကို တစ်ခုချင်း Hidden ပေးရတာ အလုပ်ရှုပ်သလို သိတဲ့သူတွေဆိုရင် အလွယ်တကူ ဖော်ယူသွားနိုင်ပါတယ်။
ဒီတော့ ကိုယ်ရေးကိုယ်တာတွေကို Disk Drive (ဥပမာ D:\ ) ထဲ စုပြီးထည့်၊ ပြီးတော့ အဲဒီ Disk Drive (D:\ Partition) တစ်ခုလုံးကို ဖျောက်၊ ကိုယ်သုံးနေတဲ့ Account ကို Password ပေး။ သူ့အတွက် User Account တစ်ခုဆောက်ပေးလိုက်ရင် တစ်ဖက်လူဟာ ကွန်ပျူတာကို သုံးခွင့်ရပေမယ့် ဖျောက်ထားတဲ့ Partition ကိုတော့ ဖော်ကြည့်လို့ မရတော့ပါဘူး။
Android ဖုန်းတွေမှာဖြစ်လေ့ရှိတဲ့ Camera Failed Error ဖြေရှင်းနည်းလေးပါ......
Samsung ဖုန်းတွေမှာ မကြာခဏ ဖြစ်တတ်တဲ့ Camera Failed Error ပြပြီး Camera ရိုက်မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။
အဲ့လိုဖြစ်လာရင် အောက်ပါအတိုင်း ဖြေရှင်းပေးနိုင်ပါတယ်....
ဖုန်း Menu ပေါ်က My File ဆိုတဲ့ Folder ကနေ Phone Storge မှ Android \ data \ com.sec.android.gallery3d \ cache ထိ တစ်ဆင့်ချင်း ရောက်အောင်သွားပါ Cache ဖိုလ်ဒါ ထဲမှာ ရှိတဲ့ ဖိုင်လ်တွေကို Salect all လုပ်ပြီး Delete လုပ်ပစ်ပါ..
Mobile Hardware Service လေ့လာသူများအတွက် Digital Multi Meter အသုံးပြုနည်း
Mobile Hardware Service လေ့လာသူများအတွက် Digital Multi Meter အသုံးပြုနည်းဖြစ်ပါတယ်။ ‘Myanmar Mobile Phone Hardware Solution’ Facebook Group မှာ Ko Htut တင်ထားတဲ့ Knowledge Note ကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ nanotechmyanmar.blogspot.com မှ Mobile Hardware လေ့လာသူများ ဗဟုသုတရစေရန်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Digital Multi Meter တစ်လုံးမှာ တိုင်းတာလို့ရတဲ့ ယေဘူယျ စနစ်တွေကတော့
AC Voltage
DC Voltage
AC Current
DC Current
Risistance
Diode
HUAWEI U8825D ကို ဥပမာထား၍ စက်တစ်လုံးနိုးစေမည့် မရှိမဖြစ် အခြေခံ အချက်များ
ထိုသို့တပ်ထားသည့်အနေအထားတွင်အောက်ဖေါ်ပြပါ conector တွင် 1.4V ရှိ/မရှိ ပထမဦးစွာ စစ်ရပါမည်။
Hardware Power ပိုင်းဖြေရှင်းနည်းလေးပါ
ဖုန်းတစ်လုံးရဲ့ Powersection ပိုင်းမှာပါဝင်တဲ့ components လေးတွေရဲ့အခေါ်အဝေါ်နဲ့ ပါင်းစပ်အလုပ်လုပ်ပုံ။ဖြစ်တတ်တဲ့ error များနဲ့ ပြုပြင်ပုံတို့ ကိုအခုမှစတင်လေ့လာနေတဲ့ညီငယ်
များပါနားလည်သဘောပေါက်အောင်၊ပုံလေးတွေနဲ့ တကွရှင်းပြပေးထားပါတယ်။ကျွန်တော့်ရဲ့
သင်ဆရာများဖြစ်ကြတဲ့ အခြေခံ electronic ပညာကိုသင်ပေးတဲ့ဆရာကြီးဦးသန်းဆင့်
ဆရာကြီးဦးထိန်ဝင်းနဲ့ ဖုန်း hardware ပိုင်းကိုသင်ပေးခဲ့တဲ့ ဆရာကိုထွန်း၊ဆရာချစ် နဲ့ မြင်ဆရာများ
ဖြစ်ကြတဲ့ဆရာဦးမောင်နိင်၊ဆရာကိုစိုင်း၊နဲ့ ကိုစိုးမြင့်သူသူငယ်ချင်းဆရာများကိုဒီဆောင်းပါးလေးနဲ့ 
ဂါရ၀ပြုလိုက်ပါတယ်။
တကယ်တော့ electronic နယ်ပယ်မှာ smartphone ဆိုတာ နည်းပညာအမြင့်ဆုံး electronic device
လို့ ပြောရင်ရပါတယ်။ဒီလို အဆင့်မြင့်နည်းပညာတစ်ခုကိုအခြေံအဆင့်မီတာတိုင်းနည်းတောင်မသိသေး
တဲ့ညီငယ်တွေအတွက်အရာရာဟာေ၀၀ါးနေမှာအမှန်ပါပဲ။ဒါပေမယ့်ဘာမှအားမငယ်ပါနဲ့ ညီလေးတို့ ၊
ဇွဲရှိရှိနဲ့ ကြိုးစားအားထုပ်ဖို့ ပဲလိုပါတယ်။အဆင်ပြေရင်တော့အခြေခံပိုင်းပါပေါင်းစပ်သင်ပေးတဲ့
သင်တန်းတွေကိုမေးမြန်းပြီးတက်ပေါ့။
ဖုန်းတစ်လုံးရဲ့ power ပိုင်းမှာပါဝင်တဲ့ပစ္စည်းလေးတွေက
Android အကြောင်းသိမှတ်ဖွယ်ရာများ ( Flashing Firmware)
SAMSUNG / SONY / Huawei တို့ကို OFFICIAL Firmware ပြန်တင်ခြင်း –
ပြောင်းလဲလာတဲ့ ကျတော်တို့နည်းပညာလောကကြီးမှာ Mobile Phone User တွေအနေနဲ့ပါ ကိုယ့်ဖုန်းကိုဘယ်လို
ဖြစ်ရင်ဘယ်လိုပြန်လုပ်ကြရမယ်ဆိုတာ သိရှိနေကြပြီဖြစ်ပါတယ်။ အခု ကျတော်လူသုံးအများဆုံး
Mobile Brand တွေဖြစ်တဲ့ Samsung / Sony / Huawei တို့ရဲ့ Firmware ပြန်တင်ခြင်းကို မသိသေးသူများအတွက်
တင်ပြပေးလိုက်ပါတယ်။
1) Firmware Install on Samsung Devices
ှSamsung Device များကို Firmware ပြန်တင်နိုင်ရန်အတွက် လိုအပ်တာလေးတွေကိုအရင်သိရှိထားဖို့လိုအပ်ပါတယ်။
Android အကြောင်းသိမှတ်ဖွယ်ရာများ (Rooting)
GENERAL ROOT TOOL –
Root လုပ်ငန်းစဉ် ဆိုသည်မှာ Close System Android ဖုန်းများကို System ပိုင်းပြင်ဆင်ရန်အတွက်ပြုလုပ်သော လုပ်ငန်းစဉ်
တစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ Root ဆိုသောစာလုံးသည် Linux OS အတွက် အသုံးပြုလေ့ရှိသော လုပ်ငန်းစဉ်လဲဖြစ်သည်။
Android OS သည်လည်း Linux ကို မှီခိုရသော OS ဖြစ်သည့်အတွက် System ပိုင်းပြင်ဆင်နိုင်ရန် Admin Permission ရယူနိုင်ရန်အတွက်
Root လုပ်ရခြင်းဖြစ်ပါသည်။ ကွန်ပြူတာ Windows စနစ်မှာတော့ Admin Permission ဖြစ်ပါတယ်။ Android တို့ Linux တို့မှာတော့
Root Permission ပာုခေါ်ခြင်းဖြစ်ပါတယ်။
Android အကြောင်းသိမှတ်ဖွယ်ရာ (Using Bat-File)
– USING BAT FILE –
==============
ထည့်သွင်းလိုသော Application များဖိုင်များသည် ယေဘုယျအားဖြင့် ဖုန်းတစ်လုံးထက်မက ထည့်သွင်းလိုပါက ယခုဖော်ပြပါနည်းလမ်းကို
အသုံးပြုနိုင်သည်။သဘောအားဖြင့် Applications များ၊ဖိုင်များကိုအကြိမ်ကြိမ်ထည့်သွင်းလိုပါက အကြိမ်ရေမြောက်များစွာအလုပ်ရှုပ်ခံပြုလုပ်စရာမလိုပဲ
တစ်ကြိမ်တည်းဖြင့်အားလုံးကိုလုပ်ဆောင်နိုင်သော ဖိုင် အဖြစ် ဖန်တီးနိုင်ပါသည်။ပြုလုပ်လိုပါက Start>All Programs>Accessories>Notepad ကိုဖွင့်ပါ။
ထို့နောက် မိမိရေးသားလိုသည်များကို ရေးသားနိုင်ပါသည်။
Android အကြောင်းသိမှတ်ဖွယ်ရာ ( ADB Commands)
ADB AND THIRD PARTY SOFTWARES
– Prepare For Advance System –
Android Device များတွင် အသုံးပြုရန်လိုအပ်သော Application များကို ထည့်သွင်းနိုင်သော Installation နည်းလမ်းသုံးမျိုး ရှိပါတယ်။
အရိုးရှင်းဆုံနည်းလမ်းကတော့ SD Card ထဲမှ Install လုပ်နည်းဖြစ်ပါတယ်။ Device on Install နည်းလမ်းပာုလည်း ခေါ်ဝေါ်ကြပါတယ်။
အားနည်းချက်မှာ Install ပြုလုပ်လိုသော Application များကို SD Card ထဲ ထည်သွင်းပေးထားရတာပဲဖြစ်ပါတယ်။
Device အတွင်းတွင် Install ပြုလုပ်နိုင်ရန်အတွက် Setting ထဲကနေ Unknow Source option ကို Enable လုပ်ထားဖို့လဲ လိုအပ်ပါတယ်။
ဒီ option က Setting ထဲက Security setting ထဲမှာ ပါဝင်တဲ့ option တစ်ခုဖြစ်ပါတယ်။
ဒုတိယနည်းလမ်းမှာ Google Play Store မှ တိုင်ရိုက် Download လုပ်ပြီး Install လုပ်ခြင်းဖြစ်ပါတယ်။ ထိုသို့ Install ပြုလုပ်မည်ဆိုပါက
မူရင်း Application ဖိုင် ကျန်ခဲ့မည်မပာုတ်ပါ။ အားနည်းချက်မှာ Internet လိုအပ်ခြင်းနှင့် ပျက်သွားပါက Install ပြန်လုပ်လိုလျင်
Download ထပ်မံပြုလုပ်ရခြင်းပဲ ဖြစ်ပါတယ်။ တစ်ချို့ဖုန်းများတွင်တော့ Google Play Store မပါဝင်တဲ့အတွက် Market အမျိုးမျိုးကို
Android အကြာင်းသိမှတ်ဖွယ်ရာ (Setting 2)
– CALL Setting –
ဖုန်းခေါ်ဆိုရာတွင် အသုံးဝင်သော setting များကိုစုစည်းထားရာနေရာ တစ်ခုဖြစ်ပါတယ်။ ဒီထဲမှာပါဝင်တဲ့ setting များကို
ချိန်ညှိအသုံးပြုခြင်းဖြင့် Mobile Phone ခေါ်ဆိုမှု့ကို ကောင်းနိုးရာရာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Fixed Dialing Numbers ::: အသုံးပြုခေါ်ဆိုလိုသောဖုန်း ID များကို ပုံသေသတ်မှတ်ထားရန် အတွက်အသုံးပြုတဲ့ option တစ်ခုဖြစ်ပါတယ်။
အခြားသော Call ဆိုမှု့များကို ပြုလုပ်နိုင်မည်မပာုတ်ပဲ သတ်မှတ်ထားသော Call ခေါ်ဆိုမှု့များကိုသာခွင့်ပြုမှာပါ။
Enable FDN ::: Fixed Dialing Number Service Access ကို Enable ပြုလုပ်လို့ရမဲ့ option ဖြစ်ပါတယ်။
Change PIN-2 ::: Fixed Dialing Number Service Access ကို ရရှိစေန် အသုံးပြုသောနံပါတ်ဖြစ်ပါတယ်။
Android အကြောင်းသိမှတ်ဖွယ်ရာ (About Android)
Android အကြောင်းကိုအခြခံကနေပြီး သိရှိထားတဲ့သူတွေရှိကြသလို မသိရှိရသေးတဲ့သူတွေလဲ အများအပြားရှိကြမှပါ။
ဒါကြောင့် nanotechmyanmar.blogspot.com ကနေပြီး ပြန်လည်ပြီး အပောာင်းလေးကို အသစ်တဖန်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။
တစ်နေ့ကို နဲနဲဆီအပိုင်းလေးတွေခွဲပြီး တင်ဆက်ပေးသွားပါမယ်။ အများကြီးကိုတစ်ခါထဲ ရေးလိုက်ရင်လဲ စာဖတ်သူဝါသနာရှင်တွေအတွက်
အချိန်ပေးနိုင်ချင်မှပေးနိုင်မှာ ဖြစ်တာကြောင့် ခွဲပြီးတင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။
အပိုင်း ( ၁ )
…………….
– ABOUT ANDROID –
Android OS ကို Android INC မှ ပိုင်ဆိုင်ထားပြီး Google မှ 2005 ခုနှစ်တွင်ဝယ်ယူခဲ့ပါတယ်။ နောက်ပိုင်းမှာ
Lock ကျသွားတဲ့ Facebook Account ပြန်ရယူနည်းပါ
Facebook account lock ကျတယ်ဆိုတဲ့ နေရာများ အကြောင်းပြချက် အမျိုးမျိုးနဲ့ ကျနိုင်သလို ပြန်ယူနည်းလည်း အမျိုးမျိုး ရှိပါတယ်။ ပြန်ယူနည်း အမျိုးမျိုးကတော့ ကိုယ်ရွေးရတာ မဟုတ်ပါဘူး။ Facebook က ရွေးပေးတာပါ။ အချို့အကောင့်ဆိုရင် ဖုန်းနံပါတ် ရိုက်ထည့်ပေးရုံနဲ့ ပြန်ရပါတယ်။ ဖုန်းနံပါတ်ဆီကို SMS ပို့ပြီး ရတဲ့ code နဲ့ ပြန်ဖွင့်ရတာပါ။ ယင်း နည်းလမ်းနဲ့ ကြုံခဲ့ရင် စင်္ကပြူ၊ မလေးရှားတို့လို နိုင်ငံရပ်ခြားမှာ နေထိုင်နေသူ မိတ်ဆွေကို အကူအညီတောင်းပါ။
ယခု ပြမယ့် ဖြေရှင်းနည်းကတော့ ID ကဒ် တောင်းတဲ့ ကိစ္စ ဖြစ်ပါတယ်။ Facebook ရဲက ပေါ်လစီ အရ မိမိရဲ့ မှတ်ပုံတင်ထဲက အမည်ကိုပဲ အသုံးပြုခွင့် ပေးပါတယ်။ မှတ်ပုံတ
Root For Samsung Grand 2 SM-G7102 version 4.4.2
Samsung Galaxy Grand 2 SM-G7102 ရဲ့ version 4.4.2 ကို Root လုပ်ချင်တဲ့ အကို
တစ်ယောက်အတွက် ပြန်တင်ပေးလိုက်ပါတယ်။ အရင်ဆုံးလိုအပ်တာလေးဒေါင်းလိုက်ပါ။
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။ Odin က PDA ဆိုတဲ့နေရာမှာ CF-Auto Root ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Xiaomi Phone များ အတုအစစ်ခွဲနည်း
Xiaomi Phone များတွင် တရုတ်နိုင်ငံက ထုတ်တဲ့ ပစ္စည်းနှင့် နိုင်ငံခြားက ထုတ်တဲ့ ပစ္စည်း ဟူ၍ (၂မျိုး) မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ပါသည်။ တရုတ်နိုင်ငံက ထုတ်သော ပစ္စည်းတွင် ဘူးရဲ့ အနောက်တွင်
ခဲနဲ့အုပ်ထားတဲ့ Security code ပါရှိပါသည်။ (ပုံ ၁တွင် ကြည့်ရန် )
မြန်မာနိုင်ငံကို ၀င်တဲ့ အလုံးတွေကတော့ အများစု တရုတ်နိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့ကဘဲ ဖြစ်ပါတယ်…
စင်ကာပူအလုံးတွင်တော့ Complies with IDA Standards ဆိုတဲ့ စာသား ပါရှိပါသည်။ (ပုံ ၂တွင် ကြည့်ရန်)
Subscribe to:
Posts (Atom)