Friday, July 10, 2015

About ထဲက Menu စာသားတွေကို မိမိကြိုက်ရာစာသားများ ရေးသားဖော်ပြချင်သူများအတွက်ပါ ။ (rooted device only)



About ထဲက Menu စာသားတွေကို ပုံတွင်မြင်ရသည့်အတိုင်း မိမိကြိုက်ရာစာသားများ ရေးသားဖော်ပြချင်သူများအတွက်ပါ ။

တစ်ချို့ကသိပြီးသားရှိသလို မသိသေးတဲ့သူများအတွက် ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ် ။
မှတ်ချက်  ။  ။  ထိုသို့ပြုလုပ်နိုင်ရန် မိမိဖုန်းမှာ Root ရှိထားဖို့ လိုအပ်ပါတယ် :)

System ထဲကို ဝင်ရောက်ပြင်ဆင်ရန် Root Explorer ဆော့ဝဲကို ဖွင့်လိုက်ပြီး System ဆိုတဲ့အထဲကို ဝင်လိုက်ပါ ။


အရမ်းကိုလွယ်ကူပါတယ် ပုံမှာပြထားတဲ့အတိုင်း build.prop ဆိုတဲ့ ဖိုင်အဖြူလေးကို ဖိထားပြီး
Open With >>> Text Editor >>> ဝင်လိုက်ပြီး မိမိကြိုက်ရာ စာသားကို ပြောင်းလဲထည့်သွင်းရေးသားနိုင်ပါပြီ :)

ရေသားပြီးရင် Save လုပ်ပေးလိုက်ယုံပါပဲ ။ ပြီးရင် ထိုဖိုင်လေးကို ဖွင့်ကြည့်လိုက်ပါ ကိုယ်ရေးထားတာမရှိသေးရင် သေချာပြန်ရေးပြီး Save ပြန်လုပ်ပေးလိုက်ပါ ။

ပြီးရင် ထိုဖိုင်လေးမှာ rw - r - r အနေထားတိုင်းရှိနေရပါမယ် ။ အကယ်၍ပြောင်းသွားတယ်ဆိုရင် rw - r - r ပြန်ပေးလိုက်ပါ ။


အဆင်ပြေပြီးဆို ဖုန်းကိုပိတ်ပြီး ပြန်ဖွင့်လိုက်ပါ ။ အဆင်ပြေစွာ ပြောင်းလဲသွားတာကို သင်မြင်တွေ့ရပါမယ် :)

အောက်မှာ ပုံနှင့်တကွပြသထားသလို Root Explorer Pro ဆော့ဝဲကိုလိုချင်သူများလဲ အောက်မှာဒေါင်းယူပါ :)

root explorer ဒေါင်းရန်

root explore ဒေါင်းရန် ၂







အဆင်ပြေပါစေ 
Credit - Free Mobile Sharing 




No comments:

Post a Comment